RP2
God of War ဆိုတဲ့ နာမည်ကျော် third person
action-adventure video game ကို SCE Santa Monica Studio နဲ့ Sony
Computer Entertainment တို့ကနေပြီး seventh installment ဆိုတဲ့ အတိုင်း
GOW serie တွဲအသစ်အဖြစ်ထုတ်လုပ်တော့မယ်လို့ ပြောခဲ့ပြီးပြီဆိုတာ
အားလုံးသိပါတယ်။ 2013 ရဲ့မတ်လ 12 ရက်နေ့မှာ တရားဝင်ထွက်ဖို့ သတင်းတွေမှာပါ
ပြောခဲ့ပြီးဖြစ်တယ်။ နောက်ပြီးတော့ ပထမ ဆုံးအနေနဲ့ ဒီဂိမ်းထဲမှာ
Single-player တင် မဟုတ်တော့ပဲနဲ့ Multiplayer
အနေနဲ့ပါထည့်ပေးမှာလဲဖြစ်ပါသတဲ့။ ဘာပဲပြောပြော မဆိုးဘူးလို့တော့
ပြောရမှာဖြစ်တယ်။ Stereoscopic 3D နဲ့ ဆိုနီဟာ အခုတစ်ခါမှာ Multiplayer
ဖြစ်လာစေဖို့ကို ပူးတွဲခဲ့တာလဲဖြစ်တယ်။ ဒီတော့  အင်ပြည့်အားပြည့်နဲ့
ပူးပေါင်းထွက်လာမယ့် God of War: Ascension ဆိုတဲ့ ဒီဂိမ်းထဲမှာ
Multiplayer အပြင် ဘာတွေများထပ်ပြီးပါလာမလဲဆိုတာ သိချင်လာမိပြန်ပါတယ်။
အစောပိုင်းမှာ ဒီဂိမ်းနဲ့ပတ် သက်ပြီးတော့ အမြည်းပြသတာတွေကို ချပြခဲ့တာဟာ
ဂိမ်မာတွေအတွက် မလုံလောက်တာကြောင့် အခုဆိုရင် ပထမဆုံးဖြစ်လာမယ့်
Multiplayer နဲ့ပတ်သက်ပြီးတော့ Gamescom 2012 မှာ A global multiplayer
beta of God of War: Ascension အနေနဲ့
ပြသသွားခဲ့တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ မကြာခင်မှာ အားလုံး
သိနိုင်စေဖို့အတွက် ထုတ်ပေးမှာလဲဖြစ်နေတယ်။ ဒါပေမယ့်
အွန်လိုင်းဂိမ်မာတွေကို ဦးစားပေးမှာဖြစ်ပါတယ်။ PS3 Network
သမားတွေအတွက်ပဲဖြစ်လာလိမ့်မယ်။ နောက်တစ်ခုက အခုဂိမ်းဟာ PS 3 ကို
အသားပေးပြီးတော့ ထွက်မှာ လေ၊ ဒီတော့ အခြား Platform တွေမှာ
ဆော့ကစားဖို့ဆိုတာဟာ လွယ်လိမ့်မယ်တော့မထင်သေးဘူး၊ နောက်မှသာ
ကစားနိုင်အောင်များလုပ်ပေးမလားဆိုတာ Sony ကလူတွေပဲသိလိမ့်မယ်။
လောလောဆယ်တော့ ဂိမ်းလောက ကို အပြောင်းအလဲဖြစ်အောင် God of War: Ascension
မှာ ဘာတွေကို အသစ်အဆန်းအဖြစ်တွေ့ရမလဲဆိုတာကြည့် ကြသေးတာပေါ့နော်။
God of War: Ascension ကို
အရင်ဇာတ်လမ်းနဲ့မတူအောင်လို့ လုပ်ထားပေးပြီးတော့ ဒီဂိမ်းမှာ ဇာတ်လိုက်ကျော်
ကတုံးဖြစ်တဲ့ လူကြမ်းကြီး Kratos ဟာ ဒီတစ်ကြိမ်မှာတော့ မိန်းမနဲ့ကလေး
အသတ်ခံရပြီး 6 လအကြာမှာ ဇာတ်ကိုဖွင့်ထားမှာဖြစ် တယ်။ ကျိန်စာတွေအောက်မှာ
ခိုင်းတာလုပ်နေရပြီးအစွမ်းတွေရထားတဲ့ လူတစ်ပိုင်း နတ်တစ်ပိုင်းဆန်ဆန်
ဆိုတာထက် Kratos ကို ဒီအထဲမှာ လူသားပိုဆန်နေသေးတဲ့ အဖြစ်ကိုတွေ့ရမှာပါ။
ဘာကြောင့် Kratos ဟာ နတ်ဘုရားတွေနဲ့တိုက်ခိုက်ရတယ်ဆိုတဲ့ သူ့ရဲ့ပထမခြေလှမ်း
ကိုမြင်ကြရမှာဖြစ်နေတယ်။ နောက်ပြီးတော့
အရင်ဂိမ်းတွေလိုမျိုးတိုက်ခိုက်ရတယ်ဆိုပေမယ့် ပိုပြီးတော့ လန်းတဲ့
နောက်ခံအရုပ်တွေနဲ့ ရန်သူတွေအပြင် သူ့မှာရှိတဲ့လက်နက်ကို
ထိထိမိမိနဲ့အသုံးချရမှာဖြစ်နေသလို လိုအပ်ရင် သူများဆီက လက်နက်တွေနဲ့လဲ
ယူငင်တိုက်ခိုက်နိုင်မှာဖြစ်နေတယ်။ အထူးသဖြင့် Boss တွေဆီက
ရမယ့်လက်နက်တွေကို နောက်ပိုင်းမှာ သုံးစွဲတိုက်ခိုက်ရမှာက
အရင်လိုပုံစံမျိုး ဆိုပေမယ့်မူကွဲတွေနဲ့အတူ ပုံစံမတူတာတွေလဲပါလာနိုင်တယ်၊
ဘာကြောင့် သူ့ဟာ သံကြိုးလက်နက်ကိုရလာတယ်ဆိုတာကိုလဲသိရမှာဖြစ်နေတယ်။
သံချပ်ကာတွေ၊ ခေါင်းဆောင်းတွေအပြင် Kratos အတွက်အသုံးချနိုင်မယ့် အရာတွေကပါ
ပိုလို့များလာနိုင်တယ်ဆိုတာ ပါပဲ။ ပြီးတော့ Multiplayer ကို
ဦးစားပေးတာကို ထုတ်ပြချင်နေတာက ဘယ်လောက်အထိတာ သွားမှာလဲဆို တာကို
ကြည့်ရမှာဖြစ်နေတယ်။ နောက်တစ်ခုက ဗီလိန်အသစ်တွေထဲမှာ
မိန်းကိုယ်နဲ့ခြင်္သေ့လို ဇာတ်ကောင်တွေ၊မိန်းကလေးပုံစံနဲ့
ပင်ကူဗီလိန်တွေကိုပါထည့်ပေးထားသေးတယ်ဆိုတာကိုလဲတွေ့ရမှာဖြစ်တယ်။ XPတွေနဲ့
သွားမယ်။ Level တတ်မယ်၊ လက်နက်တွေရမယ်၊ တိုက်ခိုက်သလောက် အမှတ်နဲ့
ကွန်ဘိုတွေကောင်းလာမယ်၊တိုက်ခိုက်မှုတွေတိုးတတ်လာမယ် ဆိုတာတွေကတော့
အရင်အတိုင်းပါပဲ။ unique combat play-style ဆိုတဲ့အတိုင်း abilitie တွေကို
အသုံးချရင်းတိုက်ပွဲတွေကို နွဲရမှာဖြစ်တယ်။
ဂိမ်မာတွေအနေနဲ့ အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ ဒါမှမဟုတ်
တစ်ဖက်တည်းအတူနေပြီးတော့ ပြိုင်ဘက်တွေနဲ့ကစားနိုင်မယ်၊ ဒီတော့ Multiplayer
အနေနဲ့ ကစားနိုင်မယ့် အနေအထားကလဲ ကြည့်ကောင်းနေမယ်ဆိုတာကတော့
အထူးပြောစရာမလိုလောက်တော့ဘူးထင်တယ်။ four familiar gods; Zeus, Hades, Ares
and Poseidon တို့တွေကိုယူပြီးတော့ ၈ ယောက်အထိ
ကစားနိုင်မယ်လို့လဲပြောထားတယ်။(ဆော့လို့ကောင်းတယ် လို့
ဂိမ်မာတွေအနေနဲ့သတ်မှတ်မယ်ဆိုရင်တော့ အောင်မြင်တယ်ပေါ့နော်။ ခံစားလို့
မကောင်းရင်တော့ နောက်ထပ် ဒီလိုမျိုးဆက်လက်လုပ်ဖို့ဆိုတာကတော့
စဉ်းစားစရာဖြစ်လာရပြီလို့ ဆိုရပါလိမ့်မယ်။) E3 မှာတုန်းက ပြသသွားခဲ့တဲ့
gameplay demo အရတော့ ဂိမ်မာ တွေအတွက် မဆိုးလှဘူးလို့ သုံးသပ်နိုင်ပေမယ့်
တစ်ကယ်ထွက်လာတဲ့အခါမှာရော ဘာတွေပိုထူးလာနိုင်မှာ လဲ။ mini-gameတွေ နဲ့
puzzle အသစ်တွေ ကရော ပို သစ်လာမှာလားဆိုတာ သိချင်စရာပဲလေ။ ရန်သူတွေဆီက
လက်နက်နဲ့ ပြန်ယူတိုက်ခိုက်လို့ရတဲ့ အပိုင်းမှာတော့
စိတ်ဝင်စားဖွယ်ကောင်းတာမှန်ပေမယ့် အခြားဂိမ်းတွေ မှာပါ
လိုက်တုထားတဲ့အရာတွေကို မပြောင်းလဲပေးနိုင်ရင်တော့ ဒီဂိမ်းကို
သစ်တယ်လို့တော့ ပြောလို့ရနိုင်မယ် မထင်မိဘူး။ အခက်အခဲတွေကို
ပိုလိုခက်လာအောင်လုပ်ဖို့ ရှိနေတာတွေပါလာမယ်ဆိုတာကိုတော့ကြိုဆိုပါ တယ်။
လူကြိုက်အောင်လုပ်လာမယ့် အရာတွေ များများပါလာလေလေ ပြောင်းလဲမှုကို
သဘောတွေ့လေလေ ဆိုတဲ့ အတိုင်း 2013 မှာ ဂိမ်းကောင်းတွေထွက်လာဖို့ များနေတဲ့
အချိန်မှာ God of War: Ascension ဆိုတဲ့ Kratos ရဲ့ နောက်ပြန်သွားခရီးဟာ
လှပဖို့တော့ လိုအပ်နေတယ်။ ရန်သူအသစ်တွေထဲမှာ လူတွေစိတ်ဝင်စား စေမယ့်
Elephantaur နဲ့ ပင်လယ် ဘီလူးမိစ္ဆာကြီး Charybdis တို့ ဟာ
ဘယ်လောက်တောင်များ Kratos ကို တိုက်ခိုက် သတ်ဖြတ်ရတာခက်စေမလဲဆိုတာ
သိချင်နေမိတယ်။ ပြီးတော့ Kratos ကို မြူဆွယ်မယ့် မိန်းမလှ လေးတွေက ရော
ဆက်လက်ပါလာကြဖို့ ရှိနေကြဦးမလားဆိုတာ ….. God of War: Ascension
ဂိမ်းထဲမှာ ကျွန်တော်တို့တွေ မျှော်ကြည့်ကြသေးတာပေါ့နော်….။
သူတို့တွေဆီမှာတော့ အကြိုမှာသူတွေကို XP 2
ဆရစေမှာတွေအပြင် အခြားလက်ဆောင်တွေနဲ့ DLC ထွက်လာရင်လဲ အလကား
အဖြစ်ပေးမယ်ဆိုတာတွေပါရှိနေတော့ အွန်လိုင်းမှာ တတ်ကစားတဲ့သူတွေအတွက်
မက်လုံးကြီးကြီးနဲ့God of War: Ascension ကို
ဆော့နိုင်အောင်လို့စွဲဆောင်နေတယ်ဆိုတာလဲပြောထားချင်ပါတယ်။
God of War: Ascension
Developer SCE Santa Monica Studio[1]
Publisher Sony Computer Entertainment
Director Todd Papy
Composer Tyler Bates (main) Timothy Williams
Series God of War
Engine Santa Monica's God of War III Engine (Retooled)
Platform(s) PlayStation 3
Release date March 12, 2013
Genre Hack and slash, Action-Adventure
Mode Single-player, Multiplayer